ဝယ်ယူအားပေးလိုက်တဲ့ သော့ချောင်း ပေါ်မှာ ဝယ်ယူအားပေးသူရဲ့ အမည်ကို ကမည်းထိုးထားပေးမှာ ဖြစ်ပြီး၊ သော့တစ်ခုကို ဝယ်ယူသူက ယူထားပြီး၊ နောက်တချောင်းကို မဇ္ဈိမ ရဲ့ နောင်ဖြစ်လာမယ့် ရုံးအဆောက်အဦးအသစ်ရဲ့ အထင်ကရ တနေရာမှာ အမှတ်တစ်ရ ချိတ်ဆွဲထားမှာဖြစ်ပါတယ်။ အဲ့ဒီလိုပြည်သူတွေက ဝယ်ယူအားပေးတဲ့ သော့ချောင်း တွေရောင်းလို့ရတဲ့ ငွေနဲ့ မဇ္ဈိမဝန်ထမ်းတွေ အလုပ်လုပ်နိုင်ဖို့အတွက်၊ မဇ္ဈိမရဲ့ စာဖတ်ပရိတ်သတ်တွေ ကြည့်ရူ့သူတွေ ဝင်ထွက်သွားလာနိုင်မယ့် မဇ္ဈိမ ရန်ကုန်ရုံး အဆောက်အဦးကို တည်ဆောက်သွားမှာဖြစ်ပါတယ်။

Own the key to independent media

အားလုံးပဲမင်္ဂလာပါခင်ဗျာ

ဒီစာကို မဇ္ဈိမကို စတင်တည်ထောင်ခဲ့တဲ့ သူတစ်ဦးအနေနဲ့၊ ပြီးတော့ လက်ရှိ မဇ္ဈိမ ရဲ့ အယ်ဒီတာချုပ် နဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ တစ်ဦးအနေနဲ့ မဇ္ဈိမရဲ့ စာဖတ်သူတွေ၊ ကြည့်ရူ့သူတွေ၊ အစဉ်တစိုက်အားပေးလာသူတွေ၊ မဇ္ဈိမကို ကူညီပံ့ပိုးနိုင်မယ့် သူတွေ အားလုံးကို ရည်ရွယ်ပြီး ရေးလိုက်တာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ် က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာဒုက္ခသည်အနေနဲ့ နေထိုင်ရင်း ပြည်ပရောက်မြန်မာတွေနဲ့ မြန်မာပြည်ထဲမှာ သတင်းအမှောင်ချခံထားရတဲ့ ပြည်သူတွေအတွက် အင်တာနက်ကို အခြေခံပြီး လွတ်လပ်တဲ့ မီဒီယာတစ်ခုတည်ထောင်လုပ်ကိုင်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းလေးကနေစခဲ့တဲ့ မဇ္ဈိမမီဒီယာဟာ ဒီနေ့ဆိုရင် (၂၁) နှစ်ထဲကို ချည်းကပ်ဝင်ရောက်လာခဲ့ပါပြီ။

အစွန်းနှစ်ဖက်ကနေ လွတ်ကင်းရာဆိုတဲ့ သဘောကို နှစ်သက်တာရယ်၊ သတင်းမီဒီယာအနေနဲ့ လွတ်လပ်ပြီး၊ ဘက်မလိုက်တဲ့ အဓိပ္ပါယ်ကိုယူပြီး မဇ္ဈိမလို့ နာမည်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ စတင်ဖြစ်လာတော့ ၂၀၁၂ ခုနှစ် နှစ်ဆန်းမှာ မြန်မာနိုင်ငံကို ကျနော်တို့တတွေပြန်လာပြီး၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာလုပ်ငန်းကို ဆက်လုပ်ကိုင်မယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ မဇ္ဈိမမီဒီယာကုမ္ပဏီ ကို မြန်မာကုမ္ပဏီအဖြစ် မှတ်ပုံတင်ခဲ့ပြီး သတင်းမီဒီယာလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

FREE, FAIR and RESPONSIBLE ဆိုတဲ့ ဆောင်ပုဒ်နဲ့ မဇ္ဈိမမီဒီယာ ဟာ အခုဆိုရင် မူလစတင်တည်ထောင်ခါစကတည်းကရှိတဲ့ မြန်မာ နဲ့ အင်္ဂလိပ်ဘာသာ ဝက်ဆိုက် တွေအပြင်၊ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ မဂ္ဂဇင်း၊ မိုဘိုင်းဖုံးကနေတစ်ဆင့်ပေးပို့တဲ့ သတင်း ၊ Facebook စာမျက်နှာတွေ အပြင် Free-To-Air Digital Mizzima TV Channel ကိုလည်း လုပ်ကိုင်နေပါတယ်။

တိုးချဲ့လာတာနဲ့အတူ မဇ္ဈိမမီဒီယာမှာလုပ်ကိုင်တဲ့ ဝန်ထမ်းဦးရေဟာလည်း များပြားလာခဲ့ပါတယ်။ ၂၀၁၀ ဝန်းကျင်က ဝန်ထမ်းဦးရေ (၃၀) အောက်သာ ရှိတဲ့ မဇ္ဈိမ ဟာ၊ အခုဆိုရင် သတင်းလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့ ၀န်ထမ်းပေါင်း ၁၀၀ ကျော်နဲ့ မီဒီယာတိုက်ကြီးတစ်ခုဖြစ်လာပါပြီ။ မဇ္ဈိမ မီဒီယာ မှာ အလုပ်လုပ်နေတဲ့ သတင်းထောက်တွေအပါအဝင် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ဟာ အသက် (၂၀) မှ အသက် (၃၀) အတွင်း ဖြစ်ကြပါတယ်။ အများစုဟာ အသက် (၄၀) အောက်တွေ ဦးဆောင် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အခုနောက်ပိုင်း တွေ့လာရတာက အဆောက်အဦးအခက်အခဲဖြစ်ပါတယ်။ အထွေထွေကုန်ကျစားရိတ်မြင့်တက်လာမှု၊ လျှပ်စစ်မီးပြတ်တောက်မှုရယ်နဲ့ ငှားရမ်းခ၀န်ထုတ်တွေကို ရေရှည်မှာကျော်လွှားနိုင်ဖို့ အတည်တကျရှိမယ့် အဆောက်အဦးလိုလာပါတယ်။

ဒီလို လိုအပ်နေတဲ့ မဇ္ဈိမရုံးအဆောက်အဦး အတွက် လိုအပ်တဲ့ ငွေကြေးကို ထောက်ပံ့ကူညီနိုင်မယ့် Mizzima Key Campaign (မဇ္ဈိမအတွက် သော့ချောင်း ကန်ပိန်း) ကို ကျနော်တို့ စတင်လုပ်ဆောင်ပါတော့မယ်။

လွတ်လပ်တဲ့ မီဒီယာ အတွက် သော့တစ်ချောင်းပိုင်ဆိုင်လိုက်ပါ

ကျနော်တို့ရဲ့ ယုံကြည်ချက်တွေကို အားပေးတဲ့ သူတွေ၊ မဇ္ဈိမရဲ့ ဝန်ထမ်းတွေ၊ စာဖတ်ပရိတ်တွေ၊ မဇ္ဈိမ ရဲ့ ရုပ်မြင်သံကြား ကြည့်ရှုသူ ပရိတ်သတ်တွေနဲ့ မြန်မာ နဲ့ ကမ္ဘာ့ပြည်သူတွေကို မေတ္တာရပ်ခံပြီး၊ မဇ္ဈိမရဲ့ သော့ချောင်းတွေကို ဝယ်ယူအားပေးခြင်းဖြင့်၊ လွတ်လပ်တဲ့မီဒီယာတစ်ခုဖြစ်တဲ့ မဇ္ဈိမမီဒီယာ ကို ထောက်ခံအားပေးပါလို့ မေတ္တာရပ်ခံချင်တာပါ။

ဝယ်ယူအားပေးလိုက်တဲ့ သော့ချောင်း ပေါ်မှာ ဝယ်ယူအားပေးသူရဲ့ အမည် ကို ကမည်းထိုးထားပေးမှာ ဖြစ်ပြီး၊ သော့တစ်ခုကို ဝယ်ယူသူက ယူထားပြီး၊ နောက်တချောင်းကို မဇ္ဈိမ ရဲ့ နောင်ဖြစ်လာမယ့် ရုံးအဆောက်အဦးအသစ်ရဲ့ အထင်ကရ တနေရာမှာ အမှတ်တစ်ရ ချိတ်ဆွဲထားမှာ ဖြစ်ပါတယ်။ အဲ့ဒီလိုပြည်သူတွေက ဝယ်ယူအားပေးတဲ့ သော့ချောင်း တွေရောင်းလို့ရတဲ့ ငွေ နဲ့ မဇ္ဈိမ ဝန်ထမ်းတွေ အလုပ်လုပ်နိုင်ဖို့အတွက်၊ မဇ္ဈိမ ရဲ့ စာဖတ်ပရိတ်သတ်တွေ ကြည့်ရူ့သူတွေ ဝင်ထွက်သွားလာနိုင်မယ့် မဇ္ဈိမ ရန်ကုန်ရုံး အဆောက်အဦး ကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက် – မဇ္ဈိမရန်ကုန်ရုံးအတွက် မြေနေရာဝယ်ယူရန် နှင့် အဆောက်အဦး ဆောက်လုပ်ရန်

လိုအပ်သည့်ငွေကြေး ပမာဏ – မြန်မာငွေကျပ် သိန်းပေါင်း (၇၅၀၀) (အမေရိကန်ဒေါ်လာ ငါးသိန်း)

ရန်ပုံငွေရှာမည့်ကာလ – ၂၀၁၉ ခုနှစ် ဇွန် လ (၂၁) ရက် မှ ၂၀၂၀ ခုနှစ် ဇွန် လ (၂၁) ရက်အထိ

ကန်ပိန်း အမည် – Mizzima Key Campaign

ဆောင်ပုဒ် – လွတ်လပ်တဲ့ မီဒီယာ အတွက် သော့တစ်ချောင်းပိုင်ဆိုင်လိုက်ပါ (Own the key to independent media)

တစ်ဦးချင်း ထည့်ဝင်နိုင်မှု – အမျိုးအစား (A) – မြန်မာငွေ ကျပ် သုံးသောင်း (အမေရိကန်ဒေါ်လာ ၂၀)

တစ်ဦးချင်း ထည့်ဝင်နိုင်မှု – အမျိုးအစား (B) – မြန်မာငွေ ကျပ် ခုနှစ်သောင်းခွဲ (အမေရိကန်ဒေါ်လာ ၅၀)

တစ်ဦးချင်း ထည့်ဝင်နိုင်မှု – အမျိုးအစား (C) – မြန်မာငွေ ကျပ် တစ်သိန်းခွဲ (အမေရိကန်ဒေါ်လာ ၁၀၀)

အဖွဲ့အစည်းလိုက် ထည့်ဝင်နိုင်မှု – အမျိုးအစား (A) – မြန်မာငွေ ကျပ် ခုနှစ်သိန်းခွဲ (အမေရိကန် ဒေါ်လာ ၅၀၀)

အဖွဲ့အစည်းလိုက် ထည့်ဝင်နိုင်မှု– အမျိုးအစား (B) – မြန်မာငွေ ကျပ် တစ်ဆယ့်ငါးသိန်း (အမေရိကန် ဒေါ်လာ ၁၀၀၀)

အဖွဲ့အစည်းလိုက် ထည့်ဝင်နိုင်မှု – အမျိုးအစား (C) – မြန်မာငွေ ကျပ် သိန်းသုံးဆယ် (အမေရိကန် ဒေါ်လာ ၂၀၀၀)

လတ်တလောမှာ မဇ္ဈိမ ဝန်ထမ်း များ နဲ့ သူတို့ရဲ့ ဆွေမျိုးမိတ်ဆွေများ က Mizzima Key Campaign ကနေ သော့ချောင်းပေါင်း (၈၃) ချောင်း ဝယ်ယူအားပေးပြီး၊ မြန်မာငွေကျပ် (၃,၉၃၀,၀၀၀) ထည့်ဝင်ထားပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အမည် နဲ့ အသေးစိတ်ကို http://building.mizzimafoundation.org/mizzima-key-campaign/ ဝက်ဆိုက်မှာ ဝင်ရောက်ကြည့်ရူနိုင်ပါတယ်။

ဒီနေရာမှာဖြည့်စွက် ပြောချင်တာတစ်ခုကတော့ ကျနော်တို့ ဘာဖြစ်လို့ သော့ချောင်း ကို ရွေးရသလဲဆိုရင် သော့ချောင်းတွေဟာ ကံကောင်းမှုရဲ့ သင်္ကေတဖြစ်တယ်။ အရေးကြီးတယ်။ အဓိပ္ပါယ် အများကြီး ရှိတယ်။ အိမ်တအိမ် မှာ သော့မရှိရင် ဝင်လို့ မရ၊ ကားတစ်စီး မှာ သော့မရှိရင် စက်နှိုးလို့ မရ သလို၊ လုံခြုံတဲ့ မီးခံသေတ္တာ မှာ သော့ လိုအပ်သလို၊ လွတ်လပ်မှု နဲ့ လွတ်မြောက်ရေး အတွက် သော့ ဟာ ပြယုဒ် တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သော့ချောင်း ဟာ ဗဟုသုတ၊ သိရှိလိုမှု၊ ရဲရင့်မှု တွေကို ကိုယ်စားပြုပါတယ်။ မိသားစုတစ်ခု တည်ထောင်ရင်၊ အိမ်အသစ်တည်ဆောက်ရင် သော့ ရှိရမှာ ဖြစ်သလို၊ အောင်မြင်မှုအတွက် သော့ လိုအပ်ပါတယ်။ ချစ်သူစုံတွဲတွေမှာ တစ်ယောက် နဲ့ တစ်ယောက် အချစ်မေတ္တောခိုင်မာမှုကို သော့ချောင်း ပေးတာနဲ့ ပြသလေ့ရှိပါတယ်။ “Language is the key to the heart of people” ဘာသာစကားဟာ လူသားတွေရဲ့ အသဲနှလုံးကို ဖွင့်နိုင်တဲ့ သော့ ပါပဲတဲ့။

ဒါကြောင့်မို့လို့ မဇ္ဈိမကို အားပေးတယ်ဆိုရင် သော့ချောင်းတွေ အများကြီး ဝယ်ယူပေးပါလို့ မေတ္တာရပ်ခံရင်း နောက်တပတ် မှာ ပြန်ဆုံကြမယ်လေ။

ဆက်သွယ်ရန် နှင့် အသေးစိတ် ကြည့်ရူ့ရန်

Email – [email protected]
Mobile – 09421010100
Website – http://building.mizzimafoundation.org

စိုးမြင့်
ဇွန်လ (၂၁) ရက်၊ ၂၀၁၉ ခုနှစ်
ရန်ကုန်မြို့


Letter to Readers, Viewers and Supporters of Mizzima

By Soe Myint

June 21, 2019

Greetings everybody!

I write this letter – as a proud founder, current Editor-in-Chief and Managing Director of Mizzima – to our readers, audiences, those who consistently lend their support to Mizzima and to those who can contribute to and further help Mizzima.

Mizzima originated in the mind of a Myanmar refugee while living in New Delhi, India in 1998 with the intention of founding an independent media outlet for the people in Myanmar who were at the time under complete censorship and in a media Dark Age. Today, Mizzima is 21 years old.

We named our media house ‘Mizzima’ as we liked the idea of being free from extremes, while espousing an independent and impartial media.

After the political landscape started to change in Myanmar, we returned to our country in early 2012 where we established Mizzima Media Company as a registered entity, the first exile media group to do so, with the intention of continuing our pursuit of free and independent media.

Backed by our motto of ‘Free, Fair and Responsible’, Mizzima has since expanded our media services to include an English magazine, mobile phone news service, Facebook page and Free-to-Air Mizzima Digital TV Channel. These are in addition to our original Myanmar and English websites.

As we have expanded our media services, the staff of Mizzima has also expanded. From just below 30 staff in 2010, Mizzima has now become a well-established media house with over 100 staff working in our news room; over 50 percent of whom are youth between the ages of 20 and 30, with most leading staff under the age of 40.

However, along with our growth and many successes, we have encountered difficulties, including when it comes to maintaining our Yangon headquarters. Currently, we rent our Mizzima Yangon Office with the yearly increase of 15% for rent. As a result, we are in need of our own premises and building with a long-term permanent address to overcome the strains of rising costs in general expenses, frequent and long power outages and huge burden of rent.

To meet this challenge, we will soon start our ‘Mizzima Key Campaign’ to assist in securing the requisite funding to acquire a new Mizzima headquarters.

Own a Key to independent media

We would like to offer our staff, those who support our beliefs in media, our readers, Mizzima TV audiences, people throughout Myanmar and those from around the world a chance to demonstrate their support for Mizzima Media by buying Mizzima Keys.

We will engrave the name of the buyer on each Key. And each buyer can keep their original Key, while a duplicate Key will hang at the impressive new Mizzima Media building. With money raised through this crowd funding effort we will secure our new Mizzima office building in Yangon where Mizzima staff will work and our Mizzima readers and audiences can visit.

  • Objective – To buy a plot and build the Mizzima Yangon office on it
    Required funds – 750 million kyats (US$ 500,000)
    Fund raising period – June 21, 2019 to June 21, 2020
    Name of Campaign – Mizzima Key Campaign
    Motto – Own the Key to Independent Media
    Individual Contribution Type A – 30,000 kyats (US$ 20)
    Individual Contribution Type B – 75,000 kyats (US$ 50)
    Individual Contribution Type C – 150,000 kyats (US$ 100)
    Institutional Contribution Type A – 750,000 kyats (US$ 500)
    Institutional Contribution Type B – 1,500,000 kyats (US$ 1,000)
    Institutional Contribution Type C – 3,000,000 kyats (US$ 2,000)

Currently, Mizzima staff, their friends and relatives have already bought (83) Keys and have contributed (3,930,000) in Myanmar kyats. Their names and other details can be seen on our website.

I would now like to briefly elaborate as to why we chose Key as our fund-raising theme. Key is a sign of luck and carries many meanings and is very important. For starters, Key is an icon for freedom and liberty. Moreover, you can’t enter your house without a Key to it, let alone build a house and a family without a Key. You can’t start the engine of your car if you don’t have a Key, while a safe also requires a Key for opening. Further, Key represents knowledge, curiosity and bravery. And you also need a Key for success, while lovers show their integrity and loyalty by exchanging Keys. Finally, and crucially for Mizzima, language is the Key to the heart of people.

So, let me conclude by requesting our readers and audiences to show your much-appreciated continued support for Mizzima and our work through the purchase of as many Keys as possible. I thank you in advance and look forward to seeing you next week!

For contact and further details

Email – [email protected]
Mobile – +95 – 942 1010 100
Website – http://building.mizzimafoundation.org