မဇ္ဈိမ သော့လှုပ်ရှားမှုအတွက် ရေးတဲ့စာ

လွတ်လပ်သော မီဒီယာအတွက် သော့တချောင်းပိုင်ဆိုင်လိုက်ပါ ၂၇ သြဂုတ် ၂၀၁၉ စိုးမြင့် အားလုံးမင်္ဂလာပါ လွတ်လပ်တဲ့ မီဒီယာလုပ်ငန်းကြီး တိုးတက်အောင်လုပ်ဖို့ ရန်ကုန်မြို့မှာ မဇ္ဈိမရုံး အဆောက်အဦး ဆောက်လုပ်ဖို့ လိုအပ်နေပါတယ်။ ဒီအတွက် ရန်ပုံငွေရှာဖွေတဲ့ မဇ္ဈိမ သော့လှုပ်ရှားမှုကို ကျနော်တို့ ဘယ်လိုလုပ်ဆောင်နေတာကို ရှင်လင်းတင်ပြတဲ့စာတစောင် ကျနော်နောက်ဆုံးရေးခဲ့တာ ၂၀၁၉၊ ဂျူလိုင် ၃ ရက်မှာဖြစ်ပါတယ်။ ၀ယ်ယူမယ်လို့ ကတိက၀တ်ပြုထားတာကို မဇ္ဈိမသော့လှုပ်ရှားမှုက လက်ခံရရှိတာ ခုဆိုရင် သော့ပေါင်း (၁၇၂) ချောင်းရှိပါပြီ။ မြန်မာကျပ်ငွေ (၈၈၆၅၀၀၀) ရှိပါပြီ။ ကျနော်တို့ကို ထောက်ခံအားပေးသူတွေရဲ့ အမည်စာရင်းကို http://building.mizzimafoundation.org/mizzima-key-campaign/ မှာသွားရောက် ကြည့်နိုင်ကြပါတယ်။ Read More

မဇ္ဈိမ Key Campaign စတင်ပြီး (၁၁) ရက်အကြာ အားပေးသူများထံသို့ ပေးစာ

၂၀၁၉ ခုနှစ် ဇူလိုင် ၃ ရက်နေ့ အားလုံးပဲ မင်္ဂလာပါ။ မဇ္ဈိမ Key Campaignကို စတင်လိုက်တဲ့အကြောင်း ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်က ကျွန်တော် စာရေးသား အသိပေးပြီးနောက် ကျွန်တော်တို့ဟာ ပုံမှန်အလုပ်များအပြင် အခြားလှုပ်ရှားမှု အနည်းငယ်လုပ်နေတာကြောင့် အလုပ်များနေခဲ့ပါတယ်။ MizzimaTV နဲ့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်တို့ (VOA Burmese) ၁၅ မိနစ်စာ နံနက်ခင်း အစီအစဉ်ကို တနင်္လာနေ့မှ သောကြာနေ့အထိ ၂၀၁၉ ခုနှစ် ဇွန်လ ၂၄ရက်နေ့ မှစတင်ကာ နေ့စဉ် ထုတ်လွှင့်ပေးနေပါပြီ။ ဒါ့အပြင် “မြန်မာ့သတင်းလွတ်လပ်မှုနှင့် Read More

Own the key to independent media

အားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီစာကို မဇ္ဈိမကို စတင်တည်ထောင်ခဲ့တဲ့ သူတစ်ဦးအနေနဲ့၊ ပြီးတော့ လက်ရှိ မဇ္ဈိမ ရဲ့ အယ်ဒီတာချုပ် နဲ့ စီမံခန့်ခွဲမှုဒါရိုက်တာ တစ်ဦးအနေနဲ့ မဇ္ဈိမရဲ့ စာဖတ်သူတွေ၊ ကြည့်ရူ့သူတွေ၊ အစဉ်တစိုက်အားပေးလာသူတွေ၊ မဇ္ဈိမကို ကူညီပံ့ပိုးနိုင်မယ့် သူတွေ အားလုံးကို ရည်ရွယ်ပြီး ရေးလိုက်တာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ် က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ မြန်မာဒုက္ခသည်အနေနဲ့ နေထိုင်ရင်း ပြည်ပရောက်မြန်မာတွေနဲ့ မြန်မာပြည်ထဲမှာ သတင်းအမှောင်ချခံထားရတဲ့ ပြည်သူတွေအတွက် အင်တာနက်ကို အခြေခံပြီး လွတ်လပ်တဲ့ မီဒီယာတစ်ခုတည်ထောင်လုပ်ကိုင်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းလေးကနေစခဲ့တဲ့ မဇ္ဈိမမီဒီယာဟာ ဒီနေ့ဆိုရင် (၂၁) နှစ်ထဲကို ချည်းကပ်ဝင်ရောက်လာခဲ့ပါပြီ။ Read More